Hidden Tesla သည် တခြားသော Bomb, Spring Trap များလို ထောင်ချောက် အတွင်းမှ ထွက်ပေါ်လာပြီး ရန်သူများကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ၄င်းကို Townhall Level 7 ရောက်မှ စတင်ဆောက်နိုင်မှာပါ ၊ သူ့ရဲ့ ထူးခြားမှု့ကတော့ ဝေဟင်ရန်သူရော ၊ မြေပြင်ရန်သူပါ နှစ်ခုလုံးကို တိုက်ခိုက်နိုင်ပါတယ်..။
ခံစစ်ဗျူဟာ
ခံစစ်ပိုင်းမှာတော့ ဘာမှပြောစရာ မလိုအောင်ကောင်းမွန်ပါတယ်။ သို့ပေမယ့် P.K.K.A လို ရန်သူများကို တော့ ၄င်း က ပြင်းအား ၂ဆ ဖြင့် တိုက်ခိုက်စေနိုင်ပါတယ်။ တချို့ကတော့ မြို့အိမ် ဘေးနားမှာ ဆောက်ကြပေမယ့် ... များသော အားဖြင့် လူအများသည် မိမိတို့ တည်ဆောက်သော မြေနေရာပေါ် မူတည်၍ လွတ်လပ်သော နေရများတွင် ထည့်သွင်းလေ့ရှိကြသည်။ သတိပြုရန် အချက်မှာ ၂ x ၂ ပတ်လည်မျှသာရှိသော ၄င်း၏မြေနေရာသည် တခြားသော အဆောက်အဦးများထက်စာလျှင် လွန်စွာ နည်းပါးသည် ထို့ကြောင့် ၄င်းအား ဆောက်ရာတွင် ရန်သူများခြေချ တိုက်ခိုက်မှု မပြုနိုင်အောင် တိကျသော မြေနေရာအတွင်းတွင်သာဆောက်ရန်လို အပ်ပါသည်။
တိုက်စစ်ဗျူဟာ
ရန်သူအား စတင်မတိုက်ခိုက်ခင် ၂ x ၂ ပတ်လည်မြေ ကွက်အား ရှာ၍နေချ သင့်သည် .. ၄င်းသည် ရန်သူများ သူ၏ သတ်ကွင်း အတွင်းမရောက် မချင်း ၄င်းထွက်ပေါ်လာမည် မဟုတ်ပါ။ ၄င်းကို ဖျက်ဆီးရာ မှာ အလွန်လွယ်ကူပါတယ် Giant တစ်ကောင် နှင့် Archer ၁၀ ကောင်မျှသာလို အပ်ပါသည် အဘယ်ကြောင့် ဆိုသော Giant အား ၄င်းသတ်ကွင်း အတွင်းပို့လိုက်ချိန်မှစ၍ ရန်သူအား စတင်တိုက်ခိုက်ပါတော့ သည် ထို့နောက်မှ Archer များဖြင့် ၄င်းအား လွယ်လင့် တကူ ဖျက်ဆီး နိုင်ပါလိ့မ်မည်.။
အဆင့်မြင့်တင်ရန်လိုအပ်သော အခြေပြဇယား